ကမ္ဘာကျော်နှုတ်ထွက်စကားများ (၂) (HZH)

ကမ္ဘာကျော်နှုတ်ထွက်စကားများ (၂)

1. The trouble with the world is that the stupid are cocksure and the intelligent are full of doubt.
Bertrand Russell
ကမ္ဘာကြီးမှာဖြစ်နေတဲ့ ပြဿနာက လူမိုက်တွေက သူတို့ပြောတာအမှန်၊ သူတို့လုပ်နေတာအမှန်နဲ့ သူတို့ကိုယ်သူတို့ ဟုတ်လှပြီ ထင်နေကြပြီး တကယ့်ပညာရှိတွေက သံသယအပြည့်နဲ့ နေကြရတယ်။
2. Sometimes life hits you in the head with a brick. Don't lose faith.
Steve Jobs
တခါတလေ ဘဝက မင်းရဲ့ခေါင်းကို အုတ်ခဲနဲ့ ရိုက်ရင်ရိုက်မယ်၊ ကိုယ့်ယုံကြည်မှုကိုတော့ အဆုံးရှုံးမခံပါနဲ့။
3. An eye for an eye only ends up making the whole world blind.
Mahatma Gandi
မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးပေးဆပ်ရကြေးဆို တစ်ကမ္ဘာလုံး မျက်ကန်းဘဝရောက်ပြီး အဆုံးသတ်ကြရမယ်။
4. No man is rich enough to buy buy his past.
Oscar Wilde
အတိတ်ကို ပြန်ဝယ်ယူနိုင်လောက်အောင် ချမ်းသာတဲ့သူ ဒီလောကမှာ မရှိဘူး။
5. It takes half your life before you discover life is a do-it-yourself project.
Napoleon Hill
ဘဝဆိုတာ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်တိုင်ကိုယ်ကျလုပ်ဆောင်ရတဲ့လုပ်ငန်းတစ်ခုဆိုတာ သိဖို့ ဘဝသက်တမ်းတဝက်လောက် အချိန်ကုန်လိမ့်မယ်။
Translation: HZH(amateur)

Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

အားနာတယ်တဲ့လား.... (ဒေါက်တာစိုးသန်း)

English Grammar ဘယ်လောက်တတ်ဖို့လိုသလဲ(​ဒေါက်​တာစိုးသန်း)