လေ့လာမိသောအင်္ဂလိပ်သဒ္ဒါအပိုင်းအစများ (၂၆) (HZH)

လေ့လာမိသောအင်္ဂလိပ်သဒ္ဒါအပိုင်းအစများ (၂၆)

Future : I am to .........

We can talk about the future by saying that something is to happen.

‘something is to happen’ ဆိုတဲ့ပုံစံနဲ့ အနာဂတ်ကာလကို ဖော်ပြပြောဆိုနိုင်တယ်။

We often use this structure to talk about ‘official plans’ and ‘fixed personal arrangements’.

ဒီပုံစံကို ‘တရားဝင်သတ်မှတ်ထားတဲ့ အစီအစဉ်တွေနဲ့ ကိုယ်ပိုင်စီစဉ်ထားတဲ့အရာတွေကို’ ဖော်ပြပြောဆိုရာမှာ သုံးပါတယ်။

The President is to visit to Mandalay in December.

ဒီဇင်ဘာလမှာ သမ္မတကြီး မန္တလေးကို လာလည်ဖို့ ရှိတယ်။ (တရားဝင် စီစဉ်ထားတာ)

We are to get a wage rise.

ငါတို့ လုပ်ခလစာ တိုးရတော့မယ်။

‘You are (not) to’ can be used (for example by parents) to give orders.

အမိန့်ပေးဖို့ ဥပမာ - မိဘကသားသမီးကို ပြောတဲ့အခါမျိုးမှာ ‘ဒါလုပ်ရမယ်၊ မလုပ်ရဘူး’ ဆိုတာကို ‘You are to , You are not to’ နဲ့ ဖော်ပြပြောဆိုနိုင်တယ်။

You are to do your homework before you watch TV.

တီဗွီမကြည့်ခင် မင်း အိမ်စာအရင်လုပ်ရမယ်။

She can go out, but she is not to be back late.

သူ(မ) အပြင်ထွက်လို့တော့ရတယ်၊ ဒါပေမယ့် နောက်မကျရဘူး။

ပြန်ချုပ်ရရင် -

အနာဂတ်မှာဖြစ်မယ့် တရားဝင်သတ်မှတ်ထားတဲ့အရာ၊ ကိုယ်ရဲ့ပုဂ္ဂလသတ်မှတ်စီစဉ်ထားတဲ့အရာတွေကို ဖော်ပြပြောဆိုဖို့ ‘Someone is to’ ဆိုတဲ့ပုံစံကိုသုံးနိုင်တယ်။

‘Someone is to’ ပုံစံကို တစ်စုံတစ်ယောက်ကို ‘ဒါလုပ်ရမယ်၊ မလုပ်ရဘူး’ စသည်ဖြင့် အမိန့်ပေးရာမှာလည်း အသုံးပြုနိုင်ပါတယ်။

Apply them.

Thx

HZH

Ref:

Page 140

How English Works

by Michael Swan & Catherine Walter



Comments

Post a Comment

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

အားနာတယ်တဲ့လား.... (ဒေါက်တာစိုးသန်း)

English Grammar ဘယ်လောက်တတ်ဖို့လိုသလဲ(​ဒေါက်​တာစိုးသန်း)