လေ့လာမိသောအင်္ဂလိပ်သဒ္ဒါအပိုင်းအစများ (၂၇) (HZH)

လေ့လာမိသောအင်္ဂလိပ်သဒ္ဒါအပိုင်းအစများ (၂၇)

Gerund vs Infinitive after 'forget, remember, stop, regret' 


forget, remember, stop, regret စတဲ့ verb တွေရဲ့နောက်မှာ gerund (-ing form) လည်း သုံးနိုင်သလို to infinitive လည်း သုံးလို့ရပါတယ်၊

📝ဘာကွဲသလဲဆိုရင် forget, remember, stop, regret ရဲ့နောက်မှာ gerund လိုက်ရင် သူက လုပ်ပြီး သား (သို့) ဖြစ်ပြီးသား ကိစ္စတွေရဲ့နောက်မှာ မေ့ခြင်း၊ သတိရခြင်း/ ရပ်နားလိုက်ခြင်း/ နောင်တရခြင်း တွေ ဖြစ်တာဖြစ်ပါတယ်။

ဥပမာ- I forget visiting Pyin Oo Lwin as a child.
ကလေးတုန်းက ပြင်ဦးလွင်အလည်သွားတာကို ငါ့မေ့နေတာ၊
*အရင်တုန်းက သွားခဲ့ပြီးသား ခရီးကို မေ့နေတာပါ

I always remember studying in Japan.
ငါ ဂျပန်မှာ ပညာသင်ခဲ့တာကို အမြဲသတိရတယ်၊

I regret telling him my secret; he has told everyone.
ငါ သူ့ကို ငါရဲ့လျှို့ဝှက်ချက်ပြောလိုက်မိတာကို နောင်တ ရတယ်၊ သူက လူတိုင်းကို ပြောပလိုက်ပြီလေ။


We stop working because we are really tired.
ငါတို့ တကယ်ကို ပင်ပန်းလို့ အလုပ်လုပ်တာ ရပ်လိုက် ကြတယ်၊ *ပြောတဲ့အချိန် အလုပ်လုပ်တာ ရပ်ပြီးပြီ။


📝 forget, remember, stop, regret တို့ရဲ့ နောက်မှာ to infinitive လိုက်တော့ မလုပ်ရသေးတဲ့ (သို့) မဖြစ်သေးတဲ့ ကိစ္စတွေအပေါ်မှာ မေ့ခြင်း/သတိရခြင်း စတာတွေကို ပြောတာဖြစ်ပါတယ်။

ဥပမာ- Hey, girl! Remember to study Chapter 5.
ဟေး၊ မိန်းကလေး၊ အခန်း(၅)ကို လေ့လာဖို့ သတိရပါ၊
*မလေ့လာရသေးဘူး၊ လေ့လာရမှာကို သတိရဖို့ ပြောတာ

I forgot to visit Min Min's village and I hope he will angry with me.
ငါ မင်းမင်းရဲ့ရွာကို လိုက်လည်ဖို့ မေ့သွားတာကွ၊ သူငါ့ကိုစိတ်မကွက်ဘူးလို့ မျှော်လင့်တာပဲ၊

I regret to tell you that you failed the exam.
မင်းစာမေးပွဲကျတာ ပြောရမှာ ငါနောင်တရတယ်ကွာ (ပြောရမှာ စိတ်မကောင်းဘူး)
*ပြောရသေးဘူးနော်

We stop to have lunch at twelve.
12 နာရီမှာ နေ့လယ်စာ စားဖို့ ငါတို့နားမယ်၊

Apply them.
Thx
HZH

Ref:
English Grammar in Use by Raymond Murphy 




Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

Some Current Myanmar Slangs and Their English Equivalents (Dr. Soe Than)

အားနာတယ်တဲ့လား.... (ဒေါက်တာစိုးသန်း)