လေ့လာမိသောအင်္ဂလိပ်သဒ္ဒါအပိုင်းအစများ (၂၈) (HZH)

 လေ့လာမိသောအင်္ဂလိပ်သဒ္ဒါအပိုင်းအစများ (၂၈)

Try, go on + Vinfinitive VS Try, go on + Gerund


✏ try ရဲ့နောက်မှာ Gerund (-ing form) သုံးမယ် ဆိုရင်တော့ experiment with ဆိုတဲ့ အဓိပ္ပါယ်ပါ၊ တစ်ခုခုကို စမ်းပြီးလုပ်ကြည့်တယ်ပေါ့၊ တစ်ခုခုဟာ ကိုယ့်အတွက် အလုပ်ဖြစ်/မဖြစ်၊ အကျိုးရှိ/မရှိ စမ်းလုပ် ကြည့်တယ် ဆိုတဲ့ သဘောပါ။

try ရဲ့နောက်မှာ to infinitive သုံးရင်တော့ attempt to လို့ အဓိပ္ပါယ်ရပြီး၊ လုပ်ဖို့ကြိုးစားတယ် လို့ အဓိပ္ပါယ်ရပါတယ်၊ တစ်ခုခုကို ကြိုးစားလုပ်တယ် မအောင်မြင်ခဲ့ဘူး၊ တစ်ခုခုကို ကြိုးစားလုပ်လည်း အောင်မြင်မှာ မဟုတ်ဘူး စတဲ့အဓိပ္ပါယ်တွေနဲ့ သုံးပါတယ်။
နှိုင်းယှဉ်ကြည့်စို့၊


(1) It was too hot in the room. I tried opening the window. It didn't help though, because it was very hot outside too.
အခန်းထဲမှာတအားပူတယ်၊ ကျွန်တော် ပြတင်းပေါက် စမ်းဖွင့်ကြည့်လိုက်တယ်၊ အလုပ်မဖြစ်ပါဘူး၊ အပြင်ဘက်ကိုက တအားပူနေတာကိုး။

(2) I tried to open the window but I couldn't because it was stuck.
ကျွန်တော် ပြတင်းပေါက်ဖွင့်ဖို့ ကြိုးစားတယ်၊ ဒါပေမယ့် မဖွင့်နိုင်ဘူး၊ ပြတင်းပေါက်က ကျပ်နေတာ။

go on ရဲ့နောက်မှာ gerund သုံးရတာက 'လူတစ်ယောက်ဟာ တူညီတဲ့လုပ်ငန်းတစ်ခုခုကို (မပြောင်းမလဲ) ဆက်လက် လုပ်တဲ့အခါမှာ' သုံးရပါတယ်။

E.g Saya U Ba Aye went on teaching well after normal retirement age.
ဆရာဦးဘအေးက ပုံမှန်အနားယူရမယ့် အရွယ်ပြီးတဲ့နောက်ကို ကောင်းကောင်း စာသင်နေခဲ့သေးတာ။
* စာသင်တဲ့အလုပ်ကိုပဲ ဆက်လုပ်နေတာပါ။😊

📝go on ရဲ့နောက်မှာ to infinitive သုံးရတာက 'လူတစ်ယောက်ဟာ ယခင်လုပ်နေတဲ့ အလုပ်နဲ့မတူတဲ့ တခြားလုပ်ငန်းတခုကို ပြောင်းလဲလုပ်ကိုင်တဲ့အခါ' သုံးရတာပါ။

E.g After he had retired from teaching, Saya U Ba Aye went on to write books.
စာသင်တာကနေ အနားယူပြီးတဲ့နောက် ဆရာဦးဘအေးက စာအုပ်တွေ စာရေးနေခဲ့တာ။
*လုပ်ငန်းက မတူတော့ဘူးနော်

Apply them.
Thx
HZH

Ref:
English Grammar in Use by Raymond Murphy




Comments

Popular posts from this blog

"နှာဘူးကို English လို ဘယ်လိုပြောမလဲ" (ဒေါက်တာစိုးသန်း)

အားနာတယ်တဲ့လား.... (ဒေါက်တာစိုးသန်း)

English Grammar ဘယ်လောက်တတ်ဖို့လိုသလဲ(​ဒေါက်​တာစိုးသန်း)